"ဘုန်းကြီးကို ဘီးဘယ်လိုရောင်းမလဲ

မဖြစ်နိုင်ဘူးဆိုတာမရှိဘူး။ အမြဲနည်းလမ်းရှိတယ်။ ခေါင်းအေးအေးနဲ့ စဉ်းစားဖို့တော့ လိုအပ်ပါတယ်။

VITAMIN

Ko Eden

9/13/20251 min read

တစ်ခါတုန်းက Company အကြီးကြီးတစ်ခုမှာ Sales(အရောင်းဝန်ထမ်း) ရာထူးအတွက် အလုပ်လျှောက်တဲ့ဝန်ထမ်း(၃)ဦးရှိခဲ့ပါတယ်။

သူတို့၃ယောက်လုံးဟာ ရာထူးနေရာအတွက် သင့်တော်သူတွေမို့ အင်တာဗျူးမေးတဲ့သူက ခေါင်းခဲလာပါတယ်။

နောက်တော့ အကြံရပြီးသူတို့သုံးယောက်လုံးကို အလုပ်တစ်ခု စေခိုင်းခဲ့ပါတယ်။

ခိုင်းလိုက်တဲ့ အလုပ်ကတော့ တောင်ကုန်းပေါ်မှာရှိတဲ့

ဘုန်းကြီးတွေဆီကို ဘီးသွားရောင်းခိုင်းခြင်းပဲ ဖြစ်ပါ

တယ်။ ၃ရက်အချိန်ပေးလိုက်ပြီး အရောင်းရဆုံးသူကို

အလုပ်ခန့်မယ်လို့ ပြောလိုက်ပါတယ်။ ၃ရက်ကုန်ဆုံး

သွားတဲ့ အခါမှာတော့ သူတို့(၃)ယောက်လုံး အင်တာဗျူး

မေးတဲ့ဆီကို ပြန်ရောက်လာကြပါတယ်။

ပထမလူက "ကျွန်တော်ဘီးတစ်ချောင်းပဲ ရောင်းထွက်

ခဲ့ပါတယ်။ ဘုန်းကြီးဆူတာလဲ ခံလိုက်ရသေးတယ်ဗျာ။

ကျွန်တော်က သူ့ကိုလှောင်ပါတယ်ဆိုပြီး တော်တော်

ဒေါသထွက်လာလို့ ကျွန်တော် စိတ်ပျက်လက်ပျက်နဲ့

လှည့်ပြန်လာရတယ်။ ပြန်တဲ့လမ်းမှာ ကိုရင်လေးတစ်ပါး

ခေါင်းကိုတောက်လျှောက်ကုတ်နေတာတွေ့လို့ သူ့ကို

ဘီးနဲ့ကုတ်ရင် ဘယ်လောက်သက်သာမယ်ဖြစ်ကြောင်း

ရှင်းပြခဲ့ပါတယ်။ အဲ့ဒီဘီးတစ်ချောင်းပဲ ရောင်းထွက်ခဲ့

ပါတယ်" လို့ အင်တာဗျူးမေးသူကိုပြန်ပြောပြပါတယ်။

ဒုတိယလူက "မင်းတော်ပါတယ်ကွ၊ ဒါပေမယ့်

ငါက ပိုတော်တယ်ကွ။ ငါက ဘီး၁၀ချောင်းတောင်

ရောင်းထွက်ခဲ့တယ်။" အင်တာဗျူးမေးတဲ့သူကလည်း

"မင်းဘယ်လိုများရောင်းခဲ့တာလဲ?"လို့ စိတ်ဝင်တစား

မေးတဲ့အခါမှာတော့ ဒုတိယလူက"တောင်ပေါ်က

ဘုန်းကြီးကျောင်းကိုလာတဲ့ သူတွေဟာ လေတိုက်တဲ့

ဒဏ်ကြောင့် ဆံပင်တွေ ဖရိုဖရဲဖြစ်နေတာကို

ကျွန်တော် သတိထားမိခဲ့ပါတယ်။ ဒါနဲ့ကျွန်တော်လည်း

ဘုန်းကြီးတစ်ပါးကို ကပ်ပြီး အကယ်၍ ဘုန်းကြီးကျောင်း

မှာဘီးသာရှိရင် လာရောက်သူတွေအနေနဲ့ သူတို့ကို

သူတို့ သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်လုပ်နိုင်ပြီး

ဘုန်းကြီးတွေကိုရှိခိုးတဲ့ အခါမှာလည်း ပိုမိုလေးစားရာ

ရောက်လိမ့်မယ် ဖြစ်ကြောင်းရှင်းပြလိုက်တယ်လေ။

ဒါနဲ့ဘုန်းကြီးလည်း ဘီး၁၀ချောင်းဝယ်ထားလိုက်

တယ်။" လို့ အင်တာဗျူးမေးသူကို ရှင်းပြပါတယ်။

တတိယလူက "သိပ်လည်း အလျင်မလိုကြပါနဲ့အုံး

ဗျ၊ သူတို့၂ယောက်လုံးထက်ပိုရောင်းခဲ့တဲ့ ကျွန်တော်

ရှိပါသေးတယ်" လို့ ဆိုလာပါတယ်။ အင်တာဗျူးမေး

သူကလည်း စိတ်ဝင်စားလာပြီး "မင်း ဘယ်နှစ်ချောင်း

တောင်ရောင်းနိုင်ခဲ့တာလဲ"လို့ မေးတော့ တတိယလူက

"အချောင်း ၁၀၀၀ ရောင်းနိုင်ခဲ့ပါတယ်"လို့ ဆိုလာပါ

တယ်။ အင်တာဗျူးမေးသူလည်း အံ့သြသွားပြီး

"အားပါးပါး..မင်းဘယ်လိုများ အဲ့လောက်တောင်

ရောင်းရအောင် လုပ်ခဲ့တာလဲ"ကွလို့ မေးလာပါတယ်။

တတိယလူက "ကျွန်တော် အရင်ဆုံးတောင်ကုန်းပေါ်

က ဘုန်းကြီးကျောင်းတွေထဲက အကြီးဆုံး ဘုန်းကြီး

ကျောင်းကိုရွေးလိုက်ပါတယ်။ နောက်တော့ ကျောင်းထိုင်

ဘုန်းကြီးနဲ့တွေ့ပြီး လူပေါင်းများစွာကို အေးချမ်းမှုပေး

တဲ့အတွက်ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ ကျောင်းထိုင်

ဘုန်းကြီးက သဘောကောင်းတဲ့ ဘုန်းကြီးတစ်ပါးဖြစ်ပြီး

သူလည်းသူ့ဆီလာရောက်တဲ့သူတွေကို ဘယ်လိုမျိုး

ကျေးဇူးတင်ကြောင်း ပြသရမှန်းမသိဖြစ်နေကြောင်း

ကျွန်တော့်ကိုပြောပြခဲ့ပါတယ်။ ကျေးဇူးတင်ကြောင်း

ပြသဖို့အကောင်းဆုံး နည်းလမ်းက ဗုဒ္ဓရဲ့အဆုံးအမတွေ

ပါတဲ့ လက်ဆောင်ပစ္စည်းတစ်မျိုးမျိုးပေးတာကောင်းမည်

ဖြစ်ကြောင်း၊ နေ့တိုင်းအသုံးပြုတဲ့ ပစ္စည်းမျိုးဖြစ်ရင်

ပိုကောင်းကြောင်း ပြန်လည်ရှင်းပြလိုက်ပါတယ်။

နောက်တော့ ကျွန်တော် သစ်သားထွင်းပြီး ဗုဒ္ဓအဆုံးအမ

တွေရေးထားတဲ့ ဘီးတစ်ချောင်းကို ဘုန်းကြီးကို

ထုတ်ပြလိုက်ပါတယ်။ လူတွေဟာ ဘီးကို နေ့တိုင်း

အသုံးပြုပြီး ဒီဘီးကိုမြင်တိုင်း ဗုဒ္ဓအဆုံးအမတွေကို

သတိရနေမည်ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။ ကျောင်းထိုင်

ဘုန်းကြီးလည်း သဘောကျပြီး ဘီး၁၀၀၀ မှာယူခဲ့ပါ

တယ်။"လို့ အင်တာဗျူးမေးသူကို ပြန်ပြောပြခဲ့ပါတယ်။

အခြား၂ယောက်ထဲက တစ်ယောက်က "မင်းကံကောင်း

သွားတာပါကွာ"လို့ ပြောတဲ့အချိန်မှာတော့ အင်တာဗျူး

မေးသူက "မဟုတ်ဘူး။ သူကံကောင်းတာမဟုတ်ဘူး။

သူက အစတည်းက Planရှိတာ။ အဲ့ဒါကြောင့် စာသား

ထွင်းထားတဲ့ဘီးကို သူယူသွားတာပေါ့။ အကယ်၍ အဲ့ဒီ

ဘုန်းကြီးကျောင်းက မလိုချင်ရင်တောင် အခြားကျောင်း

တစ်ခုက လိုချင်မှာအသေအချာပဲ" လို့ ပြောလာပါတယ်။

တတိယလူက "ဒါတင်မကသေးဘူးဗျ။ နောက်နေ့

ကျွန်တော်ပြန်သွားပြီး အဆင်ပြေရဲ့လား သွားမေးတဲ့

အချိန်မှာဘုန်းကြီးက သူ့ကျောင်းကိုလာတဲ့သူတွေဟာ

ဒီဘီးအကြောင်း ဆွေမျိုးသားချင်း၊ သူငယ်ချင်းတွေကို

ပြောပြပြီး ဒီဘီးသတင်းဟာ နာမည်ကြီးနေပြီဖြစ်ကြောင်း၊

ဘုန်းကြီးကျောင်းလာသူတွေလည်း ပိုမိုများပြားလာကြောင်း၊

လူတိုင်းကလည်း ဘီးအကြောင်းပဲမေးနေကြောင်း၊

တစ်လအတွင်း ဘီးတွေကုန်သွားတော့မှာမို့ နောက်ထပ်

ထပ်ပြီးမှာမည်ဖြစ်ကြောင်း ကျွန်တော့်ကို ပြောခဲ့ပါသေး

တယ်"လို့ ပြောပြလာပါတယ်။

သင်ခန်းစာယူသင့်သည်များ

အလုပ်လျှောက်သူ အားလုံးဟာ မတူညီတဲ့ အရည်အချင်း

ကို ပြသခဲ့ပါတယ်။

ပထမလူက ဝယ်သူရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်

ခြင်းဆိုတဲ့ အခြေခံအကျဆုံး အချက်ကို အသုံးချနိုင်ခဲ့ပါတယ်။

ခေါင်းကုတ်နေတဲ့ကိုရင်လေးကိုပဲ ရောင်းချနိုင်ခဲ့ပါတယ်။

ဒုတိယလူကတော့ ပထမလူထက် အဆင့်နည်းနည်းမြင့်ပါ

တယ်။ ဘုန်းကြီးက ဘီးမလိုတာကို သူသိပါတယ်။ ဒါပေမယ့်

ဘုန်းကြီးအတွက် ဘီးက အခြားတစ်နေရာရာမှာ ဘယ်လို

အသုံးဝင်နိုင်ကြောင်း ထောက်ပြနိုင်ခဲ့ပါတယ်။

တတိယလူကတော့ အကောင်းဆုံး စွမ်းဆောင်ရည်ကို

ပြသခဲ့ပါတယ်။ တစ်ခါတည်းတောင်မဟုတ်ဘူး၊ ထပ်ခါ

ထပ်ခါရောင်းရမယ့် အနေအထားကို သူဖန်တီးနိုင်ခဲ့ပါ

တယ်။ သူလုပ်ခဲ့တဲ့ ဖြစ်စဉ်မှာ ဘုန်းကြီး၊ လာရောက်

သောဧည့်သည်များ၊သူကိုယ်တိုင်၊ အင်တာဗျူးသူ စတဲ့

သူတွေအားလုံးကို ကောင်းကျိုးပေးနိုင်ခဲ့ပါတယ်။ မိမိရဲ့

ဖောက်သည်ကို ဘယ်တော့မှ တစ်ခါသုံးဖောက်သည်

အဖြစ် မကြည့်သင့်ပါဘူး။ စေတနာပါပါ ကြိုတင်ပြင်ဆင်

မှုရှိရှိနဲ့ မိမိရဲ့ဖောက်သည်အပြင် ထိုဖောက်သည်ရဲ့

အသိုင်းအဝိုင်း တစ်ခုလုံး အကျိုးရှိမယ့် အလုပ်မျိုး

လုပ်နိုင်ရင် မိမိလည်း စိတ်ချမ်းသာနိုင်မည်ဖြစ်ကြောင်း

ကို သူက ပြသခဲ့ပါတယ်။ မိမိရဲ့အကျိုးကျေးဇူး တစ်ခု

တည်းနဲ့ စတင်လို့မရပါဘူး။ မိမိပစ္စည်း အသုံးပြုသူရဲ့

အသုံးဝင်မှု၊ စိတ်ချမ်းသာမှုတွေကို ထည့်တွက်သင့်ပါ

တယ်။

မဖြစ်နိုင်ဘူးဆိုတာမရှိဘူး။ အမြဲနည်းလမ်းရှိတယ်။

ခေါင်းအေးအေးနဲ့ စဉ်းစားဖို့တော့ လိုအပ်ပါတယ်။

#မိုးရှင်း (I.M.T) ဘာသာပြန်သည်။

Source: LinkedIn

မူရင်းဆောင်းပါး => http://bit.ly/2iXtaOU

#ပြန်လည်မျှဝေပေးပါသည်။Write your text here...