ခွက်ထဲကကော်ဖီ

စိတ်နှလုံးသားမှာ ဒေါသ ကော်ဖီတွေမထည့်ဘဲ...ခွင့်လွှတ်ခြင်းမေတ္တာ အချိုရည်ဘဲ ဖြည့်ထားပါနော်....

8/3/20251 min read

ခွက်ထဲကကော်ဖီ

အမျိုးသားတစ်ယောက် ကော်ဖီခွက်ကိုင်ရင်း ဆိုင်တစ်ခုထဲမှာမတ်တပ်ရပ်နေတာကို .......

ဘေးနားဖြတ်သွားဖြတ်လာတစ်ယောက်က သူ့လက်ကိုတိုက်မိတော့ .... ကော်ဖီတွေက ခွက်ထဲမှဖိတ်ကျလာခဲ့တယ်။

သူဒေါသထွက်ပြီး အဲဒီလူကို ပြန်ပြောမည့်အချိန်လေးမှာ သူ့ဘေးနားမှာမတ်တပ်ရပ်နေတဲ့ သူ့ဇနီးက

သူ့လက်မောင်းက အသာညစ်ကာ...

" မောင်...ဘာလို့ပြန်ပြောနေရမှာလဲ..နေပါစေ.."

ဆိုပြီး သူ့ယောက်ျားကို စိတ်မဆိုးဘို့ပြောလိုက်တယ်။

ပြီးတော့ သူ့ယောက်ျားမျက်နှာကို ကြည့်ပြီး.....

" မောင်......ကော်ဖီတွေက ဘာလို့ဖိတ်ကျတာလဲ...."

သူ့ယောက်ျားက ...

သူ့ဇနီးကို မျက်လုံးပြူး...ပါးစပ်အဟောင်းသားဖြင့်

" ဟ.....ခုန လူတစ်ယောက်လုံးကို မျက်ကန်းတစ်ကောင် ဝင်တိုက်တာ မမြင်ဘူးလာ.....မင့်လဲကွာ..."

စိတ်ဆိုးတောင်မပြေသေး....

သူ့ဇနီးရဲ့အမေးကြောင့် မျက်နှာကြီးနီရဲကာ

ဒေါသပြန်ထွက်ခဲ့ရတယ်။

ဒါပေမဲ့ သူ့ဇနီးသည်က ချိုသာစွာပြုံးပြပြီး....

" မဟုတ်ဘူး....မောင်...

ခွက်ထဲမှာ ကော်ဖီရှိလို့ ကော်ဖီ ဖိတ်ကျတာပါ

မောင့်ခွက်ထဲမှာ အချိုရည်သာ ဖြည့်ထားခဲ့မယ်ဆိုလေ

ကော်ဖီဖိတ်ကျလာမှာမဟုတ်ဘူး

အချိုရည်ဘဲ ဖိတ်ကျလာမှာပေါ့.....

ခုက...မောင့်ခွက်ထဲမှာ ကော်ဖီအသင့်ရှိနေလို့

မောင်က ကော်ဖီထည့်ထားလို့..

ခွက်ထဲရှိတဲ့ ကော်ဖီဖိတ်ကျတာပါ.....မောင်

မောင့်စိတ်ထဲမှာလေ....

ခွင့်လွှတ်ခြင်း မေတ္တာတရားသာ ဖြည့်ထားခဲ့မယ်ဆိုရင်

ခုန...ဟိုလူဝင်တိုက်မိတဲ့အချိန်မှာ

မောင့်ရဲ့ ဒေါသဖိတ်ကျလာမှာမဟုတ်ဘူး...

ခွင့်လွှတ်ခြင်းဘဲ ဖိတ်ကျလာမှာ...

မောင်....နောက်ဆို မောင့်စိတ်နှလုံးသားမှာ

ဒေါသ ကော်ဖီတွေမထည့်ဘဲ...ခွင့်လွှတ်ခြင်းမေတ္တာ အချိုရည်ဘဲ ဖြည့်ထားပါနော်...."

........................................

What's In My Cup? ...ကို

ဆီလျော်အောင်မြန်မာပြန်သည်

.........................................

Credit

ဒိ ဒု မု