China E-commerce Website တွေကနေ ပစ္စည်းဝယ်တဲ့အခါ
ပစ္စည်းကောင်းလေးတွေ ရအောင် ဆိုင်ဘက်ကို စာလေးတွေ ပို့ရအောင်
KO EDEN
9/28/20251 min read


ပစ္စည်းကောင်းလေးတွေ ရအောင် ဆိုင်ဘက်ကို စာလေးတွေ ပို့ရအောင်
China E-commerce Website တွေကနေ ပစ္စည်းဝယ်တဲ့အခါ
-ပစ္စည်းမမှားအောင်
-ပစ္စည်း error မဖြစ်အောင်
-ပစ္စည်းမြန်မြန်ရောက်အောင်
ဆိုင်ဘက်ကို Messages လေးတွေ ပို့ပေးခြင်းဟာ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တခုပဲ ဖြစ်ပါတယ်။
Taobao နဲ့ 1688 တို့လို App တွေကပစ္စည်းဝယ်တဲ့အခါ ပစ္စည်းမှန် ဈေးမှန် ဖြစ်တာ များပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံက အဝယ်သမားတွေ အသုံးများတဲ့ Pinduoduo လို App တွေကတော့ ဈေးတန်သလို တခါတရံ ဂျင်းထည့်တတ်ပါတယ်။
တခါတရံတော့လည်း ပေးရတဲ့ဈေးထက် ပိုကောင်းလွန်းတဲ့ ပစ္စည်းတွေလည်း ရတတ်ပါတယ်။
ဒါကြောင့် ဆိုင်ဘက်ကို ချစ်စရာ Messages လေးတွေ ပို့ပေးခြင်းက ဆိုင်ရှင်ရဲ့ မြတ်နိုးမှုကို ရရှိစေနိုင်ပါတယ်။
ဥပမာ။ ။ Messages လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
① ပစ္စည်းကောင်းကောင်း ထည့်ပေးဖို့
亲爱的卖家,您好!我是第一次在您的店铺购物,希望能收到质量好的商品。非常感谢您的辛苦,希望您能帮我挑选最好的,谢谢!
အဓိပ္ပါယ်: မင်္ဂလာပါ ရောင်းသူရေ၊ သင့်ဆိုင်မှာ ပထမဆုံးအကြိမ် ဝယ်တာဖြစ်ပါတယ်။ အရည်အသွေးကောင်းတဲ့ပစ္စည်းရဖို့ မျှော်လင့်ပါတယ်။ မိမိကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်။ အကောင်းဆုံးပစ္စည်းကို ရွေးပေးပါနော်။
---
② အချိန်မီပို့ဖို့ တောင်းဆိုခြင်း
麻烦您尽快发货,我非常需要这件商品。谢谢您的理解和帮助!
အဓိပ္ပါယ်: ပစ္စည်းကို မြန်မြန်ပို့ပေးပါနော်။ ဒီပစ္စည်းကို အရမ်းလိုအပ်နေပါတယ်။ နားလည်ပေးတာနဲ့ ကူညီပေးတာအတွက် ကျေးဇူးတင်ပါတယ်။
---
③ ပစ္စည်းမှန်မှန်ရဖို့
请您帮我核对一下商品信息,确保发货准确。谢谢您的细心!
အဓိပ္ပါယ်: ပစ္စည်းအချက်အလက်တွေကို ပြန်စစ်ပေးပါနော်။ မှန်ကန်တဲ့ပစ္စည်းပို့ဖို့ မေတ္တာရပ်ခံပါတယ်။ သေချာစစ်ပေးတာအတွက် ကျေးဇူးတင်ပါတယ်။
China ကနေ ပစ္စည်းဝယ်ယူချင်တယ်၊ သယ်ယူချင်တယ် ဆိုရင်တော့ ZHUi ကို ဆက်သွယ်လိုက်ပါ။
ကိုယ်တိုင်ဝယ်ယူနည်း ကို လည်း ရန်ကုန်ရုံးမှာ အခမဲ့ သင်ပေးပါတယ်။
ငွေချေပေးတဲ့ ဝန်ဆောင်မှုလည်း ရှိပါတယ်။ ငွေသန့်တယ်။ ရန်ကုန် လူတွေ့ ငွေချေနိုင်ပါတယ်။


Logistics
Zhui Express ဖြင့် ယုံကြည်စိတ်ချရသော ကုန်စည်ပို့ဆောင်မှုအတွေ့အကြုံကို ခံစားလိုက်ပါ။
Support
Contact
info@zhui-express.com
China - 18988281985 ( WeChat )
Yangon - zhuiexpress ( WeChat )
ရန်ကုန်-Yangon 09266993324, 09408360033 , 09780880716
မူဆယ် -Muse 09683311628, 09408360033
လားရှိုး -Lashio 09780880716 09251611118
မန္တ လေး -Mandalay 09955030777
© 2025. All rights reserved.
