အမေရိကန်ဒေါ်လာ ၁.၃ သန်းကျော် ဗဟိုဘဏ် ရောင်းပေး
9/28/20251 min read


CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက အမေရိကန်ဒေါ်လာ ၈၂၆,၁၀၀ ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်တင်ဘာလ ၂၅ ရက်နေ့မှာ စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေထံ ထုတ်ရောင်းပေးခဲ့ပါတယ်။
ဒါ့အပြင် အမေရိကန်ဒေါ်လာ ၅၃၄,၇၈၆ ကို စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေအတွက် ရောင်းပေးခဲ့ပါတယ်။
FX Trading မှာ ဆောက်လုပ်ရေးပစ္စည်း၊ အလူမီနီယံ၊ တိရစ္ဆာန်အစာ၊ ပေါင်းသတ်ဆေး၊ ဓာတ်မြေသြဇာ၊ ကတ္တရာ၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်း၊ စက်မှုကုန်ကြမ်း၊ တိရစ္ဆာန်အစာ၊ ကား/ဆိုင်ကယ်အပိုပစ္စည်း၊ ထုတ်ပိုးမှုပစ္စည်း၊ ဆက်သွယ်ရေးပစ္စည်း၊ သံမဏိ၊ စားသုံးကုန်စည် တင်သွင်းတဲ့ Importer များမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ပါတယ်။
ဗဟိုဘဏ်အနေနဲ့ စက်တင်ဘာလ ၂၅ ရက်နေ့၊ FX Trading Platform မှာတော့ အမေရိကန်ဒေါ်လာငွေလဲနှုန်းကို ၃၆၃၃ ကျပ် သတ်မှတ်ရောင်းဝယ်ခဲ့ပါတယ်။
သတင်း - BETV Business


Logistics
Zhui Express ဖြင့် ယုံကြည်စိတ်ချရသော ကုန်စည်ပို့ဆောင်မှုအတွေ့အကြုံကို ခံစားလိုက်ပါ။
Support
Contact
info@zhui-express.com
China - 18988281985 ( WeChat )
Yangon - zhuiexpress ( WeChat )
ရန်ကုန်-Yangon 09266993324, 09408360033 , 09780880716
မူဆယ် -Muse 09683311628, 09408360033
လားရှိုး -Lashio 09780880716 09251611118
မန္တ လေး -Mandalay 09955030777
© 2025. All rights reserved.
