ရနောင်း-ရန်ကုန် ပို/သွင်းကုန်များMACCS စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်မည်
လာမယ့် အောက်တိုဘာ ၁ ရက်ကစပြီး Manual နည်းလမ်းအစား မြန်မာ့အလိုအလျှောက်ကုန်ပစ္စည်းရှင်းလင်းရေးစနစ် (MACCS) နဲ့ ပြောင်းလဲဆောင်ရွက်မှာဖြစ်တယ်လို့ ဆိုပါတယ်။
10/1/20251 min read


ရနောင်း-ရန်ကုန် ပို/သွင်းကုန်များMACCS စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်မည်
MACCS စနစ်ဆိုတာ Myanmar Automated Cargo Clearance System ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းများအတွက် အကောက်ခွန်ဆိုင်ရာ လုပ်ငန်းစဉ်များကို အော်တိုမေးရှင်းနည်းပညာဖြင့် စနစ်တကျ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားတဲ့ စနစ်တစ်ခုပါ။
🧭 MACCS စနစ်၏ အဓိက ရည်ရွယ်ချက်များ
- Manual စနစ်မှ Digital စနစ်သို့ ပြောင်းလဲခြင်း
စာရွက်စာတမ်းအခြေပြုလုပ်ငန်းစဉ်များကို လျှော့ချပြီး အွန်လိုင်းမှ တင်သွင်းနိုင်အောင်ပြုလုပ်သည်။
- ကုန်သွယ်မှု လွယ်ကူချောမွေ့စေခြင်း
သွင်းကုန်/ထုတ်ကုန် ကြေညာလွှာများ၊ စစ်ဆေးမှုများ၊ အခွန်ပေးဆောင်မှုများကို တစ်နေရာတည်းက စနစ်တကျ ဆောင်ရွက်နိုင်သည်။
- လုံခြုံမှုမြှင့်တင်ခြင်း
ငွေသားကိုင်ဆောင်ရန်မလိုဘဲ အွန်လိုင်းမှ အခွန်ပေးဆောင်နိုင်သည်။
MACCS စနစ်နဲ့ ရင်းနှီးဖို့က အရေးကြီးပါတယ်။ လိုအပ်ရင် MACCS ရုံးဝက်ဘ်ဆိုဒ်မှာလည်း သွင်းကုန်/ထုတ်ကုန်လုပ်ငန်းရှင်အတွက် လုပ်ထုံးလုပ်နည်းတွေကို ရှာဖတ်နိုင်ပါတယ်။
------------------------------------------------------------------------
ရနောင်း-ရန်ကုန် ကုန်သေတ္တာစနစ်နဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေဆောင်ရွက်ရာမှာ အောက်တိုဘာ ၁ရက်ကစပြီး MACCS စနစ်နဲ့ ပြောင်းလဲဆောင်ရွက်မယ်လို့ အကောက်ခွန်ဦးစီးဌာနက ကြေညာပါတယ်။
ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေဖို့အတွက် နယ်စပ်ကုန်သွယ်ရေးနည်းလမ်းနဲ့ ရနောင်း - ရန်ကုန် ကုန်သေတ္တာစနစ် အသုံးပြုပြီး ပို့ကုန်သွင်းကုန်လုပ်ငန်းတွေ ဆောင်ရွက်ခွင့်ပြုထားတာဖြစ်ပါတယ်။
လက်ရှိမှာ ရနောင်း-ရန်ကုန် ကုန်သေတ္တာစနစ်နဲ့ ပို့ကုန်သွင်းကုန်တွေအတွက် ကြေညာလွှာဖွင့်လှစ်တာကို Manual နည်းလမ်းနဲ့ဆောင်ရွက်နေတာပါ။
လာမယ့် အောက်တိုဘာ ၁ ရက်ကစပြီး Manual နည်းလမ်းအစား မြန်မာ့အလိုအလျှောက်ကုန်ပစ္စည်းရှင်းလင်းရေးစနစ် (MACCS) နဲ့ ပြောင်းလဲဆောင်ရွက်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပို့ကုန်သွင်းကုန် ကြေညာလွှာတင်သွင်းသူတွေဟာ ကြေညာလွှာမှာ မိမိတို့ တင်ပို့တင်သွင်းမှုနဲ့ သက်ဆိုင်တဲ့ မပျက်မကွက်ဖြည့်စွက်ရမယ်လို့ အကောက်ခွန်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရနောင်း-ရန်ကုန် ကုန်သေတ္တာစနစ်နဲ့ တင်ပို့တင်သွင်းမှုတွေအတွက် ကြေညာလွှာမှာ Station ၊ Section Mode of Transport နဲ့ Loading /Unloading Location တွေကို အထူးဂရုပြုဖြည့်စွက်ရမယ်လို့ ဆိုပါတယ်။
မြန်မာ့အလိုအလျှောက်ကုန်ပစ္စည်းရှင်းလင်းရေးစနစ်(MACCS) စနစ်မှာ သွင်းကုန်ကြေညာလွှာတွေကို အလိုအလျှောက်လက်ခံစိစစ်ပေးပြီး ကျသင့်အခွန်တွေကိုအလိုအလျှောက်တွက်ချက်ကာ ငွေပေးချေမှု လုပ်ငန်းစဉ်ပြီးတာနဲ့ကုန်ပစ္စည်းထုတ်ယူခွင့်ကို စက်ကနေအလိုအလျောက်ပြန်ချပေးတဲ့စနစ်တွေ ပါဝင်ပါတယ်။

