ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဟာ အဓိက အကျဆုံး ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်လာမလား။

မြန်မာအကောက်ခွန်နှင့် လူဝင်မှုကြီးကြပ်ရေးဌာနတို့မှ မှ ဝန်ထမ်းများ ချင်းရွှေဟော်ကုန်သွယ်‌ရေး နယ်စပ်ဂိတ် တွင် ထိုင်မည်ဟု သတင်း ထွက်ပေါ်နေပါတယ်။

LOGISTIC NEWS

Ko Eden

11/9/20251 min read

မြန်မာအကောက်ခွန်နှင့် လူဝင်မှုကြီးကြပ်ရေးဌာနတို့မှ မှ ဝန်ထမ်းများ ချင်းရွှေဟော်ကုန်သွယ်‌ရေး နယ်စပ်ဂိတ် တွင် ထိုင်မည်ဟု သတင်း ထွက်ပေါ်နေပါတယ်။

ယုံကြည်ရဖွယ်ရှိတဲ့ တရုတ်အွန်လိုင်းသတင်းများ အရ မြန်မာအကောက်ခွန်နှင့် လူဝင်မှုကြီးကြပ်ရေးဌာနမှ အရပ်ဘက်ဝန်ထမ်းများသည် ယခုလ ၁၅ ရက်နေ့တွင် ချင်းရွှေဟော် ဆိပ်ကမ်း၌ ပြန်ထိုင် မယ် လို့ သိရပါသည်။

ဤအ‌ရွေ့ သည် တရုတ်-မြန်မာ ကုန်သွယ်မှုကို ပုံမှန်ဖြစ်အောင် ပြန်လည်ထူထောင်ရန်နှင့် နှစ်ဘက်ကြား ကုန်သွယ်မှုအတွက် အခွင့်အလမ်းသစ်များ ဆောင်ကျဉ်းပေးနိုင်ဖွယ်ရှိပါသည်။

"မိန်းတိန် ချင်းရွှေဟော်" ဟုလည်း သိကြတဲ့ နယ်စပ်ဂိတ်သည်

Gengma Dai ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊

လင်ချန်း မြို့တော်နယ်မြေ၊ မုန်တိန်(မိန်းတိန်) မြို့၊တွင်တည်ရှိပါတယ်။

"ယူနန်ပြည်နယ်၊ လင်ချန်းမြို့နဲ့

ရှမ်းပြည်နယ်မြောက်ပိုင်းက ချင်းရွှေဟော်နယ်စပ်မှာ

လွတ်လပ်တဲ့ကုန်သွယ်ရေးဇုန် တည်ဆောက်နေတာ အခြေခံအစိတ်အပိုင်းတွေ ပြီးစီးနေပြီ" လို့ လင်ချန်းမြို့တော်ဝန်က ၂၀၂၃ မှာ ကတည်းက ပြောကြားခဲ့ဖူးပါတယ်။

ချင်းရွှေဟော် နယ်စပ်ဂိတ်သည် အရေးကြီးသော ဗျူဟာမြောက် အနေအထားကို ပိုင်ဆိုင်ထားပါတယ်။

တရုတ်-မြန်မာ-အိန္ဒိယ သမုဒ္ဒရာစင်္ကြံနှင့်

ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေးစင်္ကြံတို့တွင် အဓိကလမ်းကြောင်းအဖြစ် တရုတ်နိုင်ငံကို ဆက်သွယ်ပေးသည့် အရေးပါသော ကုန်းလမ်းကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။

2023 ခုနှစ်တွင် မိန်းတိန် -ချင်းရွှေဟော် ၌

မြန်မာမှတင်သွင်းသော သစ်သီးများ၊ စပါးများ၊

အေးခဲရေထွက်ပစ္စည်းများနှင့် စားသုံးနိုင်သော ရေ‌နေသတ္တဝါများ အတွက် သတ်မှတ်ထားသော အလုပ်ရုံနယ်မြေများကို တည်ထောင်ခဲ့ပြီး ဆိပ်ကမ်းတစ်ခုလုံး၏ လုပ်ဆောင်နိုင်စွမ်းကို သိသိသာသာ မြှင့်တင်ခဲ့ပါတယ်။

တရုတ်ဘက် စာရင်းဇယားများအရ 2023 ခုနှစ်

ဇန်နဝါရီလမှ သြဂုတ်လအထိ မိန်းတိန်-ချင်းရွှေဟော် ဆိပ်ကမ်းသည်

ကုန်ပစ္စည်းတန်ချိန် 1.2055 သန်း ။ အဝင်နှင့်အထွက် စုစုပေါင်း ကုန်ပစ္စည်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁.၀၈၂ ဘီလီယံဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် ၂၆၂.၈၃ ရာခိုင်နှုန်း တိုးမြင့်လာပါသည်။

အဝင်နှင့်အထွက်ခရီးသည် ၄၂၇,၈၀၀ သို့ရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် 989.11% တိုးလာခဲ့သည်။

နိုင်ငံအတွင်း ဝင်ရောက် ထွက်ခွာသည့် မော်တော်ယာဉ် အရေအတွက်မှာ ၁၁၉,၄၀၀ ရှိပြီး တစ်နှစ်ထက် တစ်နှစ် ၄၁၀.၀၄ ရာခိုင်နှုန်း တိုးမြင့်လာသည်။

လင်ချန်း- ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဟာ မူဆယ်၁၀၅ မိုင်ပြီးရင် ဒုတိယအကြီးဆုံး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်း ဖြစ်ပါတယ်။

-ကြားရတဲ့ သတင်းတွေက တကယ်ဖြစ်လာမလား ။

-ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဟာ အဓိက အကျဆုံး ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်လာမလား။

-သင့်ရဲ့ အမြင်ကိုလည်း comments မှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။